Wednesday, April 23, 2014

၁၇။ ဟဂ်ျအကျိုး

ဟဇရသ် အဗူအုမာမဟ် (ရသွေ့ ) က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(စွ)အမိန့်ရှိတော်မူသည်။အကြင်သူသည် အိလင်မ်သာသနာ့အသိပညာ သင်ယူဆည်းပူရန်အတွက်သော်လည် ကောင်း၊ သင်ကြားပို့ ချပေးရန်အတွက်သော်လည်ကောင်း ဗလီဝတ်ကျောင်းတော်သို့သွားရောက်ပါမူ ထိုသူရရှိသည့် အကျိုးဆ၀ါးဗ်သည် ပြည်စုံသောဟဂ်ျကိုပြုလုပ်ဆောက်တည်ခဲ့သည့် ဟာဂျီတစ်ဦး၏ အကျိုးပမာပင်ဖြစ်သည်။
(တွဗ်ရာနီ)

Monday, March 17, 2014

၁၈၃၊၊ တစ်လုပ်တစ်ငုံစားသောက်ပြီးတိုင်း

ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် အကြင်ဗန္ဒဟ်များအပေါ် အလွန်ပင်နှစ်သက်ကျေနပ်တော်မူသည်၊၊ ၄င်းတို့သည် ထမင်းတစ်လုပ်စားပြီးတိုင်း(သို့မဟုတ်) ရေတစ်ငုံသောက်ပြီးတိုင်း ဤကျေးဇူးတရားအတွက် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)အား ရွှက်ရ်ကျေးဇူးပြူကြသူများ ဖြစ်ကြပေသည်၊၊
(မွတ်စ်လင်မ်)

Sunday, March 16, 2014

၂၂၀၊၊ အပြစ်ဂိုနာဟ်အား စာရင်းမမှတ်

ဟဇရသ် အွမ္မေအိစ်မဟ် အောင်ဝ်စီယတ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ မွတ်စ်လင်မ်တစ်ဦးတစ်ယောက်သည် အပြစ်ဂိုနာဟ်တစ်ခုခုကို ကျူးလွန်မိခဲ့ပြီးဖြစ်လျှင် ဂိုနာဟ်များကိုရေးသားရန် သတ်မှတ်ထားသော ဖရစ်ရှ်သဟ်သည် ၄င်းအပြစ်ဂိုနာဟ် ရေးသားမှတ်တမ်းတင်ရာ၌ ဤသို့သတ်မှတ်ထားသည်၊၊ ၄င်းတို့သည် ဤအပြစ်ဂိုနဟ်ကို မှတ်တမ်းမတင်မီ တစ်နာရီခွဲခန့် ဆိုလိုသည်မှာ အချိန်အချို့ ဆိုင်းငံထားသည်၊၊ အကယ်၍ ၄င်းသူသည် ဤအပြစ်ဂိုနဟ်ကို ၄င်းတစ်နာရီခွဲခန့်အတွင်း တစ်ချိန်ချိန်၌ အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်) ထံ မိမိ၏အပြစ်ဂိုနာဟ်များမှ အမှားဝန်ချတောင်းပန်လျှင် ဖရစ်ရှ်သဟ်များသည် ၄င်းအပြစ်ဂိုနာဟ်ကို အာခိရသ်၌ တင်ပြလိမ့်မည်မဟုတ်ချေ၊၊ ၄င်းကိယာမသ်နေ့တွင် (ယင်းအပြစ်ဂိုနာဟ်အတွက်) ၄င်းသူအပေါ်သို့ အဇာဗ်အပြစ်ဒဏ်ပေးတော်မူမည်မဟုတ်ချေ၊၊
(ဟာကင်မ်)

Friday, March 14, 2014

၁၁၇၊၊ သကာစွရ်

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊အဘယ်အသင်တို့အထဲ၌ အဘယ်သူသည် နေ့စဉ်ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်ပေါင်းတစ်ထောင်ကို ရွတ်ဖတ်ရန် တတ်စွမ်းနိုင်သနည်း၊၊ ထိုအခါ ဆွဟာဗာ(ရသွေ့) များက ကျွန်ုပ်တို့အထဲတွင် ဤသို့နေစဉ်အယသ်တော်ပေါင်းတစ်ထောင်ရွတ်ဖတ်နိုင်သူမရှိကြပါဟု ဖြေကြားရာ အမိန့်ရှိတော်မူသည်၊၊ အဘယ်အသင်တို့အထဲ၌စူရဟ်သကာစွရ်ကိုပင် ဖတ်ရွတ်နိုင်သူမရှိလေသလော၊၊(၄င်းမှာ ဤစူရဟ်သည် အကျိုးဆဝါးဗ်အရာ၌ အာယသ်တော်ပေါင်းတစ်ထောင်နှင့်ညီမျှပေသည်၊၊)
(ဟာကင်မ်)

Wednesday, March 12, 2014

၂၂၈၊၊ ကောင်းမူတစ်ခုကျစီ

ဟဇရသ် အုဗာဒဟ်ဗင်န်ဆွာမစ်သ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ ကျွန်ုပ်သည် တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်ကို ကြားခဲ့ရသည်၊၊ အကြင်သူသည် မုအ်မင်န်အမျိုးသားနှင့်အမျိုးသမီးများအတွက် (အိစ်သိဂ်ဖာရ်) ချမ်းသာဆုပန်ပေးလျှင် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် မုအ်မင်န် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးတိုင်းအစား ၄င်းသူအတွက် ကောင်းမူတစ်ခုကျစီ ရေးမှတ်စေတော်မူသည်၊၊
(အဗူဒါဝူဒ်)

၁၄၀၊၊ ခရီးသွားနေစဉ်

ဟဇရသ် အွတ်က်ဗဟ်ဗင်န်အာမစ်ရ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ)အမိန့်ရှိတော်မူသည်၊၊ အကြင် ခရီးသည်တစ်ဦးသည် ခရီးသွားနေစဉ် မိမိစိတ်နှလုံးမှ လောကီရေးကိစ္စများကို ဖယ်ရှားပြီးနောက် အရှင်မြတ်ကိုသာ အာရုံစိုက်နေပါမူ ဖရစ်ရှ်သဟ်သည် ၄င်းနှင့်အတူရှိပေသည်၊၊ အကြင်သူသည် အလဟဿအချည်းနှီးစကားများ၌ နစ်မွန်းနေခြင်းသို့မဟုတ် အကျိုးမဲ့လုပ်ရပ်များ၌သာ နစ်မွန်းနေပါမူ ၄င်းသူနှင့်အတူ ရိုင်သာန်ရှိနေပေသည်၊၊
(တွဗ်ရာနီ)

၂၆၅။ ည၏နောက်ဆုံးယံ

ဟဇရသ် အဗူဟုရိုင်ရဟ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ည၏နောက်ဆုံးယံသို့ ရောက်ရှိလေသောအခါ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည် ဤလောက၏ မိုးကောင်းကင်သို့ ညတိုင်းသက်ဆင်းလာတော်မူသည်။ ပြီးနောက်အမိန့်ရှိတော်မူသည်။ အဘယ်သူသည် ငါအရှင်ထံတော်၌ ဒိုအာပြုမည်နည်း။ ငါအရှင် ကဗူလ်ပြုတော်မူမည်။ အဘယ်သူသည် ငါအရှင်၏ထံတော်၌ တောင်းဆိုမည်နည်း။ ငါအရှင်ချီးမြှင့်တော်မူမည်။ အဘယ်သူသည် ငါအရှင်မြတ်ထံတော်မှ မဂ်ဖိရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံလိုပါသနည်း။ ငါအရှင်သည် ၎င်းသူအား မဂ်ဖိရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို ချီးမြှင့်တော်မူမည်။ (ဗုခါရီ)

Thursday, March 6, 2014

၂၆၄၊၊ အချိန်တစ်ချိန်

ဟဇရသ် ဂျာဗိရ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) ထံမှဤသို့ကြားခဲ့ရသည်၊၊ ညတိုင်းညတိုင်းတွင် ဤသို့သော အချိန်တစ်ချိန်(နာရီဝက်ခန့်အချိန်)ရှိသည်၊၊၄င်းအချိန်တွင် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်သည် လောကီနှင့်လောကုတ္တရာ ကောင်းခြင်းများကို တောင်းဆိုလျှင် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် ၄င်းသူအား မုချချီးမြှင့်တော်မူပေသည်၊၊
(မွတ်စ်လင်မ်)

Wednesday, March 5, 2014

၁၀၊၊ ကိယာမသ်၏ လက္ခဏာ

ဟဇရသ် အနတ်စ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ ကိယာမသ်ကမ္ဘာပျက်သုဉ်းချုပ်ငြိမ်းမည့်နေ့၏ နိမိတ်လက္ခဏာတစ်ခုမှာ အိလင်မ်သာသနာ့အသိပညာများ ရုပ်သိမ်းခံရခြင်းပင်ဖြစ်သည်၊၊ မသိမိုက်မဲမူများလွှမ်းမိုးလာမည်၊၊အရက်သေစာများကို ထင်ရှားပေါ်လွင်စွာပင် သောက်စားမူးယစ်ကြပေလိမ့်မည်၊၊၄င်းပြင် ဇေနာကျူးလွန်းမူများ ပြန့်နှံသွားပေလိမ့်မည်၊၊
(ဗုခါရီ)

Tuesday, March 4, 2014

၂၇၊၊ ဆုံးရှုံးနစ်နာမူကြီး

ဟဇရသ် အဗူဒရ်ဒါအ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ ကျွန်ုပ်သည် တမန်တော်မြတ်(စွ)ဤသို့အမိန့်ရှိတော်မူသည်ကို ကြားခဲ့သည်၊၊ အာလင်မ်သာသနာ့ပညာရှင်၏ ကွယ်လွန်သေဆုံးခြင်းသည် ဖြေသိမ့်၍မရနိုင်သော ပူဆွေးဒုက္ခပင်ဖြစ်သည်၊၊ဖြည့်စွက်၍ မရသော ဆုံးရှုံးမူဖြစ်သည်၊၊ ၄င်းပြင်(သေဆုံးကွယ်လွန်မူကြောင့်) ဤအာလင်မ်သည် အလင်းရောင်ကွယ်ပျောက်သွားသော ကြယ်တာယာပမာဖြစ်ပေသည်၊၊ အာလင်မ်ပညာရှင်တစ်ပါး၏ ကွယ်လွန်ခြင်းသည် လူသားမျိုးနွယ်စုတစ်ခု သေဆုံးကွယ်ပျောက်သွားသည်ထက်ပင် သာပို၍ ဆုံးရှုံးနစ်နာမူဖြစ်သည်၊၊
(ဗိုင်ဟကီ)

Sunday, March 2, 2014

၂• အမွန်မြတ်ဆုံးသူ

ဟဇရသ် အုဆ်မားန်ဗင်န်အဖ်ဖာန်း(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ)အမိန့်ရှိတော်မူသည်၊၊ အသင်တို့ထဲမှ အမွန်မြတ်ဆုံးသောသူမှာ ကိုယ်တိုင်ကုရ်အာန်ကျမ်းမြတ် ကို သင်ယူဆည်းပူး၍ အခြားသူများကိုလည်း တစ်ဆင့်ပြန်လည်ပို့ချပေးသူဖြစ်သည်၊၊
(သစ်ရ်မေဇီ)

Friday, February 28, 2014

၁၅။ အ​ကောင်းဆုံး

ဟဇ၇သ်​ အဗူဟု၇ိုင်​၇သ်​ (၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။ ကျွန်ုပ်​သည်​ အဗွလ်​ကာစင်​မ်​(စွ) မိန့်​ဆိုသည်​ကို ကြားခဲ့၇သည်​။ အသင်​တို့အနက်​မှ  အမွန်​မြတ်​ဆုံး​သောသူမှာ အ​ကောင်းဆုံး​သော ကိုယ်​ကျင့်​သီလများနှင့်​အတူ သာသနာ့အသိပညာကိုပါ ပိုင်​ဆိုင်​ထားသူဖြစ်​သည်​။
(အိဗ်​​နေဟစ်​ဗာန်​)

၂၄၇။ ​အေဗာဒသ်​၏ ဦး​နှောက်

ဟဇ၇သ်​ အနတ်​စ်​ဗင်​န်​မာလစ်​က်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။ ဒိုအာသည်​ ​အေဗာဒသ်​ ခ၀ပ်​ဆည်းကပ်​မူအားလုံး၏ ဦး​နှောက်​ပင်​ဖြစ်​​ပေသည်​။
(သစ်​၇်​​မေဇီ)

၂၄၀။ ​သောဝ်​ဗဟ်​အကြိမ်​ (၁၀၀)

ဟဇ၇သ်​ အဂ၇်​(၇​သွေ့) ကဆင့်​ပြန်​ခဲ့သည်​။ တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။ အလ္လာဟ်​(စွဗနဟူဝသအလ္လာဟ်​) ထံ​တော်​မှ ​သောင်​ဗဟ်​အမှားဝန်​ချမူကို ပြု​ကြ​လေကုန်​။ အ​ကြောင်းမှာ ငါကိုယ်​​တော်​သည်​ပင်​ တစ်​​နေ့လျှင်​ အကြိမ်​​ပေါင်း(၁၀၀)မျှ အ၇ှင်​မြတ်​ထံမှ ​သောဝ်​ဗဟ်​အမှား ၀န်​ချ​တောင်းပန်​မူကို ပြု​နေ​ပေသည်​။
(မွတ်​စ်​လင်​မ်​)

Tuesday, February 25, 2014

၁၄၁။ ၇ှင်​သူနှင့်​ ​သေသူ

ဟဇ၇သ်​ အဗူမူစာ(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။အကြင်​သူသည်​ အလ္လာဟ်​(စွဗဟနဟူဝသအလ္လာဟ်​)၏ ဇိက်​၇်​​တော်​ကို ပြုကျင့်​၍ အခြားတစ်​ဦးက ဇိက်​၇်​​တော်​ကို မပြုကျင့်​​ချေ။ ၄င်းသူနှစ်​ဦး၏ပမာ သည်​ ၇ှင်​​နေသူနှင့်​ ​သေသူပမာပင်​ဖြစ်​သည်​။ ဇိက်​၇်​ ပြုလုပ်​သူသည်​ ၇ှင်​​နေသူပမာဖြစ်​၍ ဇိက်​၇်​မပြုလုပ်​သူသည်​ ​သေသူပမာဖြစ်​သည်​။ အခြား​သော ၇ိဝါယသ်​ ဆင့်​ဆိုချက်​တစ်​၇ပ်​တွင်​မူ အကြင်​အိမ်​၌ အ၇ှင်​မြတ်​၏ ဇိက်​၇်​​တော်​ကို ပြုလုပ်​ပါမူ ၄င်းအိမ်​သည်​ ၇ှင်​​နေသူပမာဖြစ်​သည်​။ ဆိုလိုသည်​မှာ ထိုအိမ်​သည်​ စည်​ပင်​သာယာ လှပ​နေ​ပေသည်​။ အကြင်​အိမ်​၌ အ၇ှင်​မြတ်​၏ ဇိက်​၇်​ မပြုလုပ်​ပါမူ ၄င်းအိမ်​သည်​​သေ​နေ​သောသူပမာဖြစ်​​ပေသည်​။ ဆိုလိုသည်​မှာ လှပမူဂုဏ်​ကျက်​သေ၇တို့ကင်းမဲ့ ​ချောက်​ချား​နေ​ပေသည်​။
(ဗုခါ၇ီ)

၁၁၁။ စူ၇ဟ်​မွလ်​က်​နှင့်​ သဗာ၇ကလ်​လဇီ

ဟဇ၇သ်​ ဂျာဗိ၇်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။ တမန်​​တော်​မြတ်​(စွ) သည်​ အလိဖ်​လားမ်​မီးမ်​စဂ်ျ​ဒဟ်​ နှင့်​ စူ၇ဟ်​သဗာ၇ကလ်​လဇီ တို့ကိုမဖတ်​ပြီးမချင်း မည်​သည့်​အခါမျှ အိပ်​စက်​​တော်​မူ​လေ့မ၇ှိ​ချေ။
(သစ်​၇်​​မေဇီ)

၉၀။ အာယသွလ်​ကု၇်​စီဖတ်​သည်​နှင့်​ ၇ှိုင်​သွာန်​ထွက်​​ပြေး

ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။ တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။စူ၇ဟ်​ဗက၇ဟ်​၌ အာယသ်​​တော်​တစ်​ပိုဒ်​၇ှိသည်​။ ထိုအာယသ်​သည်​ ကု၇်​အာန်​ကျမ်းမြတ်​၇ှိအာယသ်​​တော်​အားလုံး၏ ဦးစီး​ခေါင်း​ဆောင်​ပင်​ဖြစ်​​ပေသည်​။၎င်းအာယသ်​​တော်​အား အိမ်​တအိမ်​တွင်​ ဖတ်​လိုက်​သည်​နှင့်​ တပြိုင်​နက်​ အကယ်​၍ ထိုအိမ်​၌ ၇ှိုန်​သွန်​များ ၇ှိ​နေပါက ထို၇ှိုန်​သွာန်​များ ချက်​ချင်းထွက်​​ပြေးသွားကြ​ပေလိမ့်​မည်​။၎င်းအာယသ်​​တော်​သည်​ အာယသွလ်​ကု၇်​စီ​တော်​ပင်​ ဖြစ်​​ပေသည်​။
(ဟာကင်​မ်​)

Monday, February 24, 2014

ဟဇ၇သ်​အင်​မ်​၇ာန်​ဗင်​န်​ဟုစိုင်​န်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။ ကျွနု​ပ်​သည်​ တမန်​​တော်​မြတ်​(စွ) ဤသို့မိန့်​​တော်​မူသည်​ကို ကြားသိ၇သည်​။အကြင်​သူသည်​ ကု၇်​အာန်​ကျမ်း​တော်​မြတ်​ကို ဖတ်​၇ွတ်​သ၇ဇ္စုာယ်​ပါမူ ၄င်းသည်​ ဤကု၇်​အာန်​ကျမ်း​တော်​မြတ်​အ​ကြောင်းခံဖြင့်​ အလ္လာဟ်​(စွဗနဟူဝသအလ္လာဟ်​) ထံ​တော်​မှသာ ​တောင်းခံသင့်​​ပေသည်​။ အကြာမီကာလတွင်​ ဤသို့​သောသူများ​ပေါ်​ပေါက်​ကြလိမ့်​မည်​။၎င်းတို့သည်​ ကု၇်​အာန်​ကျမ်းမြတ်​ကို ၇ွတ်​ဖတ်​သ၇ဇ္စုာယ်​ကြပြီး​နောက်​ လူတို့ထံမှ ​တောင်းခံကြ​ပေလိမ့်​မည်​။
(သစ်​၇်​​မေဇီ)
ဟဇ၇သ်​ အုမ၇်​(၇​သွေ့) က ဆင့်​ပြန်​​တော်​မူခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။ အလ္လာဟ်​(စွဗဟနဟူဝသအလ္လာဟ်​)သည်​ ဤကု၇်​အာန်​ကျမ်း​တော်​မြတ်​၏ အ​ကြောင်းခံဖြင့်​ ​မြောက်​များစွာ​သောသူများကို အဆင့်​တန်းမြင့်​မား​စေ​တော်​မူသည်​။ ၄င်း ​မြောက်​များစွာ​သောသူများအား အဆင့်​တန်းနိမ့်​ကျ​စေ​တော်​မူသည်​။ ဆိုလိုသည်​မှာ အကြင်​သူတို့သည်​ ၄င်းကျမ်းလာအတိုင်း ​နေထိုင်​ကျင့်​သုံးခဲ့လျှင်​ အလ္လာဟ်​(စွဗနဟူဝသအလ္လာဟ်​) သည်​ ၄င်းသူတို့အား ​လောကီ၊​လောကုတ္တ၇ာ နှစ်​ဌာနစလုံး၌ ဂုဏ်​သိက္ခာမြင့်​မား​စေ​တော်​မူသည်​။ အကြင်​သူတို့သည်​ ၄င်းကျမ်းလာအတိုင်း ​နေထိုင်​ကျင့်​သုံးမူမပြုခဲ့ပါမူ အလ္လာဟ်​(စွဗနဟူဝသအလ္လာဟ်​)သည်​ ၄င်းတို့အား ​သေးသိမ်​ဂုဏ်​ငယ်​​စေ​တော်​မူသည်​။
(မွတ်​စ်​လင်​မ်​)

Sunday, February 23, 2014

ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။ တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။အ၇ိပ်​အာဝါသကင်းမဲ့​​သော​နေ့တွင်​ အလ္လာဟ်​(စွဗဟနဟူဝသအလ္လာဟ်​)သည်​ပုဂ္ဂိုလ်​ခုနှစ်​ဦးကို မိမိ၇ဟ်​မသ်​​တော်​၏ အ၇ိပ်​အာဝါသ​အောက်​တွင်​ ခိုလှုံခွင့်​ချီးမြှင့်​​တော်​မူ​ပေမည်​။

(၁) တ၇ားမျှတစွာဖြင့်​ အုပ်​ချုပ်​​သောဘု၇င်​။

(၂) ငယ်​၇ွယ်​နုပျို​သောအဖြစ်​၌ အ၇ှင်​မြတ်​အား အိဗာဒသ်​ခ၀ပ်​ဆည်းကပ်​​သောလုလင်​ပျို။

(၃) ဗလီဝတ်​​ကျောင်း​တော်​ကို စိတ်​၌ အမြဲစွဲလမ်း​နေသူ။

(၄) အလ္လာဟ်​(စွဗဟနဟူဝသအလ္လာဟ်​)အတွက်​သာတစ်​ဦးနဲ့တစ်​ဦးချစ်​ခင်​၇င်​နှီးကြပြီး အ၇ှင်​မြတ်​အတွက်​သာ တစ်​ဦးနှင့်​တစ်​ဦး ​တွေ့ဆုံခြင်းနှင့်​ခွဲခွာခြင်း။

(၅) လှပ၍ ဂုဏ်​သိက္ခာ ၇ှိ​သောအမျိုးသမီးက မိမိဘက်​​သို့ ဆွဲ​ဆောင်​​သော လည်း အလ္လဟ်​(စွဗဟနဟူဝသအလ္လဟ်​) အား​ကြောက်​၇ွံ့ပါသည်​ဟု​ပြော၍ေ၇ှာင်​ခွာသွား​သောသူ။

(၆) ညာဘက်​လက်​မှ ဆွဒကဟ်​အလှူဒါနပြုသည်​ကို ဘယ်​ဘက်​လက်​ပင်​မသိ၇​လေ​အောင်​ လျှို့ဝှက်​၍ အလှူဒါနပြု​သောသူ။

(၇)  တစ်​ကို​ယ်​ထဲ၇ှိ​နေ​သောအခါ၌ အလ္လာဟ်​(စွဗဟနဟူဝသအလ္လဟ်​)အား ဇိက်​၇်​ သတိ၇တသ၍ မျက်​၇ည်​ကျ​သောသူတို့ဖြစ်​ကြသည်​။

(ဗုခါ၇ီ)

Friday, February 21, 2014

ဟဇ၇သ်​ အနတ်​စ်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။ တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။ လူသားတိုင်းသည်​ အမှားအယွင်းနှင့်​ မကင်းကြသူများဖြစ်​သည်​။ ၄င်းတို့အနက်​မှ အ​ကောင်းဆုံး​သော အပြစ်​ကျူးလွန်းသူမှာ ​သောဝ်​ဗဟ်​အမှားဝန်​ချ​တောင်းပန်​သူပင်​ဖြစ်​သည်​။
(သစ်​၇်​​မေဇီ)

Wednesday, February 19, 2014

ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့)က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။ ကြင်​သူထံ၌ အိလင်​မ်​အသိပညာတစ်​စုံတစ်​ခုကို လာေ၇ာက်​​မေးမြန်းသင်​ယူ၇ာ ၄င်းသည်​ (တမင်​သိလျက်​နှင့်​)ထိန်​ချန်​ လျှို့ ဝှက်​ဖုံးကွယ်​ထားခဲ့ပါမူ ကိယာမသ်​​နေ့ ၌အလ္လာဟ်​(စွဗာဟနဟူဝသ်​အလ္လဟ်​) က ၄င်းသူ၏ပါးစပ်​၌ မီးပါးချုပ်​ ကို စွပ်​​ပေး​တော်​မူ​ပေမည်​။
(အဗူဒါဝူဒ်​)
ဟဇ၇သ်​ အဗ်​ဒွလ္လာဟ်​ဗင်​န်​မတ်​စ်​အူဒ်း(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။ အလ္လာဟ်​(စွဗာဟနဟူဝသအလ္လာဟ်​)သည်​ အကြင်​ဗန္ဒဟ်​တဦးအား ​ကောင်းစား​စေလို ​တော်​မူ​သောအခါ ၄င်းအားအိလင်​မ်​သာသနာ့အသိပညာကို ချီးမြှင့်​​တော်​မူသည်​။ ၄င်း​နောက်​ ထိုသူ၏နှလုံးသားအတွင်းသို့ အမှန်​တ၇ားများကို ထည့်​သွင်း​ပေး​တော်​မူသည်​။
(တွဗ်​၇ာနီ)
ဟဇ၇သ်​ ဂျာဗိ၇်​ဗင်​န်​စမု၇ဟ်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)သည်​ ဖ​ဂျ၇်​ နမာဇ်​ဖတ်​ပြီး​နောက်​ တင်​ပလ္လင်​​ခွေထိုင်​၍​နေထွက်​လာသည့်​အထိ ဇိက်​၇်​ပြု​နေ​တော်​မူသည်​။
(အဗူဒါဝူဒ်​)

Tuesday, February 18, 2014

ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့)က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။မိမိ၇ဲ့ အိမ်​များကို ကဗ၇်​သင်္ချိုင်းအဖြစ်​ မပြုလုပ်​ပါနဲ့။ဆိုလိုသည်​မှာ အိမ်​များကို အလ္လာဟ်​(စွဗဟာနဟူဝသာအလ္လာဟ်​) ၇ဲ့ ဇိက်​၇်​တသခြင်းဖြစ်​ ၇ှင်​သန်​​အောင်​ ထားပါ။အကြင်​အိမ်​တွင်​ စူ၇ဟ်​ဗက၇ဟ်​၇ွတ်​ဖတ်​သည်​၇ှိ​သော်​ မိစ္ဆာ​ကောင်​၇ိုန်​သာန်​ သည်​ ထိုအိမ်​မှထွက်​​ပြေးသွား​လေသည်​။
(မွတ်​စ်​လင်​မ်​)
ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့) က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။အလ္လာဟ်​(စွဗဟာနဟူဝသာအလ္လာဟ်​)ထံ​တော်​၌ ဆုမွန်​ဒိုအာထက်​သာပိုမြင့်​မား​သော အဆင့်​အတန်းတွင်​ အခြားမည်​သည့်​အ၇ာမျှမ၇ှိ​ချေ။
(သစ်​၇်​​မေဇီ)
ဟဇ၇သ်​ အလီ(၇​သွေ့)က ဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့ှ်ိ​တော်​မူသည်​။ ဒိုအာသည်​ မုအ်​မင်​န်​တို့၏ လက်​နက်​တစ်​ခုပင်​ဖြစ်​သည်​။ဒီးန်​သာသနာ​တော်​၏တိုင်​လည်းဖြစ်​​ပေသည်​ သာမက မိုး​ကောင်းကင်​နှင့်​ ​မြေပထ၀ီတို့၏ နူ၇်​အလင်းေ၇ာင်​လည်းဖြစ်​သည်​။
(ဟာကင်​မ်​)
ဟဇ၇သ်​ ​စောင်​ဗာန်​(​၇​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။ အကြင်​သူသည်​ စူ၇ဟ်​ ကဟဖ်​၏ အဆုံးပိုင်းဆယ်​အာယတ်​ကို ဖတ်​၇ွတ်​ခဲ့မူ ဤသို့ ဖတ်​၇ွတ်​ခြင်းသည်​ ထိုသူအား ဒဂ်ျ​ဂျာလ်​၏ ဖစ်​သ်​နဟ်​​ဘေး၇န်​အန္တ၇ာယ်​မှလွတ်​ကင်းမူ၇၇ှိ​ပေမည်​။
(အမလွဟ်​​ယောင်​မိဝလ်​လိုင်​ဟ်​)
ဟဇ၇သ်​ ဂျွန်​ဒွဗ်​(၇​သွေ့) ကဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။ အကြင်​သူသည်​ ည၌ စူ၇ဟ်​ယာစီးန်​ကို အ၇ှင်​မြတ်​​ကျေနပ်​နှစ်​သက်​​စေ၇န်​အတွက်​ ၇ည်​စူး၍ ဖတ်​၇ွတ်​သ၇ဇ္စာယ်​ပါမူ ထိုသူသည်​ မဂ်​ဖိ၇သ်​လွတ်​ငြိမ်းချမ်းသာခွင့်​ ခံ၇​လေသည်​။
(အိဗ်​​နေဟိဗ်​ဗာန်​)
ဟဇ၇သ်​ အဗူဟု၇ိုင်​၇ဟ်​(၇​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ) အမိန့်​၇ှိ​တော်​မူသည်​။အကြင်​သူသည်​ အလ္လာဟ်​(စွဗဟာနဟူဝသာအလ္လာဟ်​)၏ ဇိက်​၇်​​တော်​များကို အ​မြောက်​အများပြုကျင့်​ခဲ့လျှင်​ ၄င်းသူသည်​ (နိဖာဟ်​)မသမာမူအ​ပေါင်းမှ လွတ်​​မြောက်​သွား​ပေသည်​။
(တွဗ်​၇ာနီ)
ဟဇ၇သ်​ အဗ်​ဒွလ္လာဟ်​ဗင်​န်​ဗ္ဗစ်​၇်​(၇​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။ကျွနု​ပ်​သည်​ တမန်​​တော်​မြတ်​(စွ)ဤသို့မိန့်​​တော်​မူသည်​ကိုကြားနာခဲ့၇သည်​။အကြင်​သူ၏ အအ်​မလ်​နာမဟ်​ အ​ကောင်းအဆိုးစာ၇င်းတွင်​(ကိယာမသ်​​နေ့တွင်​)အိစ်​သိဂ်​ဖာ၇်​အများအပြား ပါဝင်​​နေခဲ့ပါမူ ၄င်းသူအဖို့ ၀မ်း​မြောက်​​ပျော်​၇ွှင်​ဖွယ်​ သတင်း​ကောင်းကိုနားဆင်​​လေကုန်​။

(အိဗ်​​နေမာဂျဟ်​)

Monday, February 17, 2014

ဟဇ၇သ်​ အုမိုင်​၇်​အန်​စွာ၇ီ(၇​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။တမန်​​တော်​မြတ်​(စွ)အမိန့်​၇ှိ​တော်​မူသည်​။ငါကိုယ်​​တော်​၏ အွမ္မဒ်​သားများအနက်​မှ မည်​သူမဆို စိတ်​​စေတနာဖြူစင်​သန့်​၇ှင်းစွာဖြင့်​ ငါကိုယ်​​တော်​အား ဒ၇ူဒ်​တစ်​ကြိမ်​ ပို့သလျှင်​ အလ္လာဟ်​(စွဗာဟာနဟူဝသာအလ္လာဟ်​)သည်​၄င်းသူအ​ပေါ်သို့ ၇ဟ်​မသ်​​တော်​ဆယ်​ကြိမ်​ချီးမြှင့်​​တော်​မူသည်​။ ၄င်းအစား အဆင့်​အတန်းဆယ်​ခုတိုးမြှင့်​​ပေး​တော်​မူသည်​။ ၄င်းသူအဖို့ ​ကောင်းမူဆယ်​ခုေ၇းမှတ်​​စေ​တော်​မူ၍ မ​ကောင်းမူ ဆယ်​ခုပယ်​ဖျက်​​ပေး​တော်​မူသည်​။

အမလွတ်​လ်​​ယောင်​မိဝလ်​လိုင်​လ်

Tuesday, February 11, 2014

အိလင်မ် နှင့် ဇိက်ရ်

မွန်သခဗ်ဟဒီစ်း                                                                          အိလင်မ် နှင့် ဇိက်ရ်
     အိလင်မ် နှင့် ဇိက်ရ်
အရှင်မြတ်ထံတော်မှ တိုက်ရိုက်အကျိုးခံစားအကူအညီတောင်းဆိုနိုင်ရန်အတွက် အရှင်မြတ်၏အမိန်.တော်များကို တမန်တော်မြတ်(ဆွ)ပြသခဲ့သော နည်းစနစ်အတိုင်း အပြည့်အ၀နာခံကျင့်သုံးနိုင်ရန်အတွက် အရှင်မြတ်နှစ်သက်တော်မူသော အသိပညာကိုဆည်းပူးခြင်း၊ ဆိုလိုသည်မှာ အခြေအနေနှင့်အချိန်အခါတိုင်း၌အရှင်မြတ်၏လိုလားနှစ်သက်မူ.ကိုဆန်းစစ်ဖော်ထုတ်ခြင်းဖြစ်ပေသည်။