ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် အကြင်ဗန္ဒဟ်များအပေါ် အလွန်ပင်နှစ်သက်ကျေနပ်တော်မူသည်၊၊ ၄င်းတို့သည် ထမင်းတစ်လုပ်စားပြီးတိုင်း(သို့မဟုတ်) ရေတစ်ငုံသောက်ပြီးတိုင်း ဤကျေးဇူးတရားအတွက် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)အား ရွှက်ရ်ကျေးဇူးပြူကြသူများ ဖြစ်ကြပေသည်၊၊
(မွတ်စ်လင်မ်)
Monday, March 17, 2014
Sunday, March 16, 2014
၂၂၀၊၊ အပြစ်ဂိုနာဟ်အား စာရင်းမမှတ်
ဟဇရသ် အွမ္မေအိစ်မဟ် အောင်ဝ်စီယတ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ မွတ်စ်လင်မ်တစ်ဦးတစ်ယောက်သည် အပြစ်ဂိုနာဟ်တစ်ခုခုကို ကျူးလွန်မိခဲ့ပြီးဖြစ်လျှင် ဂိုနာဟ်များကိုရေးသားရန် သတ်မှတ်ထားသော ဖရစ်ရှ်သဟ်သည် ၄င်းအပြစ်ဂိုနာဟ် ရေးသားမှတ်တမ်းတင်ရာ၌ ဤသို့သတ်မှတ်ထားသည်၊၊ ၄င်းတို့သည် ဤအပြစ်ဂိုနဟ်ကို မှတ်တမ်းမတင်မီ တစ်နာရီခွဲခန့် ဆိုလိုသည်မှာ အချိန်အချို့ ဆိုင်းငံထားသည်၊၊ အကယ်၍ ၄င်းသူသည် ဤအပြစ်ဂိုနဟ်ကို ၄င်းတစ်နာရီခွဲခန့်အတွင်း တစ်ချိန်ချိန်၌ အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်) ထံ မိမိ၏အပြစ်ဂိုနာဟ်များမှ အမှားဝန်ချတောင်းပန်လျှင် ဖရစ်ရှ်သဟ်များသည် ၄င်းအပြစ်ဂိုနာဟ်ကို အာခိရသ်၌ တင်ပြလိမ့်မည်မဟုတ်ချေ၊၊ ၄င်းကိယာမသ်နေ့တွင် (ယင်းအပြစ်ဂိုနာဟ်အတွက်) ၄င်းသူအပေါ်သို့ အဇာဗ်အပြစ်ဒဏ်ပေးတော်မူမည်မဟုတ်ချေ၊၊
(ဟာကင်မ်)
(ဟာကင်မ်)
Friday, March 14, 2014
၁၁၇၊၊ သကာစွရ်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊အဘယ်အသင်တို့အထဲ၌ အဘယ်သူသည် နေ့စဉ်ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်ပေါင်းတစ်ထောင်ကို ရွတ်ဖတ်ရန် တတ်စွမ်းနိုင်သနည်း၊၊ ထိုအခါ ဆွဟာဗာ(ရသွေ့) များက ကျွန်ုပ်တို့အထဲတွင် ဤသို့နေစဉ်အယသ်တော်ပေါင်းတစ်ထောင်ရွတ်ဖတ်နိုင်သူမရှိကြပါဟု ဖြေကြားရာ အမိန့်ရှိတော်မူသည်၊၊ အဘယ်အသင်တို့အထဲ၌စူရဟ်သကာစွရ်ကိုပင် ဖတ်ရွတ်နိုင်သူမရှိလေသလော၊၊(၄င်းမှာ ဤစူရဟ်သည် အကျိုးဆဝါးဗ်အရာ၌ အာယသ်တော်ပေါင်းတစ်ထောင်နှင့်ညီမျှပေသည်၊၊)
(ဟာကင်မ်)
(ဟာကင်မ်)
Wednesday, March 12, 2014
၂၂၈၊၊ ကောင်းမူတစ်ခုကျစီ
ဟဇရသ် အုဗာဒဟ်ဗင်န်ဆွာမစ်သ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ ကျွန်ုပ်သည် တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်ကို ကြားခဲ့ရသည်၊၊ အကြင်သူသည် မုအ်မင်န်အမျိုးသားနှင့်အမျိုးသမီးများအတွက် (အိစ်သိဂ်ဖာရ်) ချမ်းသာဆုပန်ပေးလျှင် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် မုအ်မင်န် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးတိုင်းအစား ၄င်းသူအတွက် ကောင်းမူတစ်ခုကျစီ ရေးမှတ်စေတော်မူသည်၊၊
(အဗူဒါဝူဒ်)
(အဗူဒါဝူဒ်)
၁၄၀၊၊ ခရီးသွားနေစဉ်
ဟဇရသ် အွတ်က်ဗဟ်ဗင်န်အာမစ်ရ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ)အမိန့်ရှိတော်မူသည်၊၊ အကြင် ခရီးသည်တစ်ဦးသည် ခရီးသွားနေစဉ် မိမိစိတ်နှလုံးမှ လောကီရေးကိစ္စများကို ဖယ်ရှားပြီးနောက် အရှင်မြတ်ကိုသာ အာရုံစိုက်နေပါမူ ဖရစ်ရှ်သဟ်သည် ၄င်းနှင့်အတူရှိပေသည်၊၊ အကြင်သူသည် အလဟဿအချည်းနှီးစကားများ၌ နစ်မွန်းနေခြင်းသို့မဟုတ် အကျိုးမဲ့လုပ်ရပ်များ၌သာ နစ်မွန်းနေပါမူ ၄င်းသူနှင့်အတူ ရိုင်သာန်ရှိနေပေသည်၊၊
(တွဗ်ရာနီ)
(တွဗ်ရာနီ)
၂၆၅။ ည၏နောက်ဆုံးယံ
ဟဇရသ် အဗူဟုရိုင်ရဟ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ည၏နောက်ဆုံးယံသို့ ရောက်ရှိလေသောအခါ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည် ဤလောက၏ မိုးကောင်းကင်သို့ ညတိုင်းသက်ဆင်းလာတော်မူသည်။ ပြီးနောက်အမိန့်ရှိတော်မူသည်။ အဘယ်သူသည် ငါအရှင်ထံတော်၌ ဒိုအာပြုမည်နည်း။ ငါအရှင် ကဗူလ်ပြုတော်မူမည်။ အဘယ်သူသည် ငါအရှင်၏ထံတော်၌ တောင်းဆိုမည်နည်း။ ငါအရှင်ချီးမြှင့်တော်မူမည်။ အဘယ်သူသည် ငါအရှင်မြတ်ထံတော်မှ မဂ်ဖိရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံလိုပါသနည်း။ ငါအရှင်သည် ၎င်းသူအား မဂ်ဖိရသ်လွတ်ငြိမ်းချမ်းသာခွင့်ကို ချီးမြှင့်တော်မူမည်။ (ဗုခါရီ)
Thursday, March 6, 2014
၂၆၄၊၊ အချိန်တစ်ချိန်
ဟဇရသ် ဂျာဗိရ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) ထံမှဤသို့ကြားခဲ့ရသည်၊၊ ညတိုင်းညတိုင်းတွင် ဤသို့သော အချိန်တစ်ချိန်(နာရီဝက်ခန့်အချိန်)ရှိသည်၊၊၄င်းအချိန်တွင် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်သည် လောကီနှင့်လောကုတ္တရာ ကောင်းခြင်းများကို တောင်းဆိုလျှင် အလ္လာဟ်(စွဗဟနဟူဝသအလ္လာဟ်)သည် ၄င်းသူအား မုချချီးမြှင့်တော်မူပေသည်၊၊
(မွတ်စ်လင်မ်)
(မွတ်စ်လင်မ်)
Wednesday, March 5, 2014
၁၀၊၊ ကိယာမသ်၏ လက္ခဏာ
ဟဇရသ် အနတ်စ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ) အမိန့်ရှိတော်မူသည်၊၊ ကိယာမသ်ကမ္ဘာပျက်သုဉ်းချုပ်ငြိမ်းမည့်နေ့၏ နိမိတ်လက္ခဏာတစ်ခုမှာ အိလင်မ်သာသနာ့အသိပညာများ ရုပ်သိမ်းခံရခြင်းပင်ဖြစ်သည်၊၊ မသိမိုက်မဲမူများလွှမ်းမိုးလာမည်၊၊အရက်သေစာများကို ထင်ရှားပေါ်လွင်စွာပင် သောက်စားမူးယစ်ကြပေလိမ့်မည်၊၊၄င်းပြင် ဇေနာကျူးလွန်းမူများ ပြန့်နှံသွားပေလိမ့်မည်၊၊
(ဗုခါရီ)
(ဗုခါရီ)
Tuesday, March 4, 2014
၂၇၊၊ ဆုံးရှုံးနစ်နာမူကြီး
ဟဇရသ် အဗူဒရ်ဒါအ်(ရသွေ့) ကဆင့်ပြန်ခဲ့သည်၊၊ ကျွန်ုပ်သည် တမန်တော်မြတ်(စွ)ဤသို့အမိန့်ရှိတော်မူသည်ကို ကြားခဲ့သည်၊၊ အာလင်မ်သာသနာ့ပညာရှင်၏ ကွယ်လွန်သေဆုံးခြင်းသည် ဖြေသိမ့်၍မရနိုင်သော ပူဆွေးဒုက္ခပင်ဖြစ်သည်၊၊ဖြည့်စွက်၍ မရသော ဆုံးရှုံးမူဖြစ်သည်၊၊ ၄င်းပြင်(သေဆုံးကွယ်လွန်မူကြောင့်) ဤအာလင်မ်သည် အလင်းရောင်ကွယ်ပျောက်သွားသော ကြယ်တာယာပမာဖြစ်ပေသည်၊၊ အာလင်မ်ပညာရှင်တစ်ပါး၏ ကွယ်လွန်ခြင်းသည် လူသားမျိုးနွယ်စုတစ်ခု သေဆုံးကွယ်ပျောက်သွားသည်ထက်ပင် သာပို၍ ဆုံးရှုံးနစ်နာမူဖြစ်သည်၊၊
(ဗိုင်ဟကီ)
(ဗိုင်ဟကီ)
Sunday, March 2, 2014
၂• အမွန်မြတ်ဆုံးသူ
ဟဇရသ် အုဆ်မားန်ဗင်န်အဖ်ဖာန်း(ရသွေ့) က ဆင့်ပြန်ခဲ့သည်၊၊ တမန်တော်မြတ်(စွ)အမိန့်ရှိတော်မူသည်၊၊ အသင်တို့ထဲမှ အမွန်မြတ်ဆုံးသောသူမှာ ကိုယ်တိုင်ကုရ်အာန်ကျမ်းမြတ် ကို သင်ယူဆည်းပူး၍ အခြားသူများကိုလည်း တစ်ဆင့်ပြန်လည်ပို့ချပေးသူဖြစ်သည်၊၊
(သစ်ရ်မေဇီ)
(သစ်ရ်မေဇီ)
Subscribe to:
Comments (Atom)